Thursday, May 28, 2020

Khana-Way-Chain (ခဏဝေးချိန်)

ကျွန်တော်ရေးသားပြီး ညီညီ ( Lwin Min Nyi Nyi) သီဆိုခဲ့တဲ့ “ခဏဝေးချိန်” ဆိုတဲ့ POP Song လေးပါ။ 
ခံစားနားဆင်ပေးပါ..


Monday, April 27, 2020

Stop the f*** (ရပ်)

Covid-19 ရောဂါနဲ့ပတ်သက်ပြီး ရင်ထဲမှာဖြစ်နေတဲ့ အကြောင်းအရာလေးကို ပိတ်ရက်လေးရတုန်း သီချင်းအဖြစ် ဖန်တီးလိုက်ပါတယ်.. World Peace Rock Song ကမ္ဘာ့ ငြိမ်းချမ်းရေး ရော့သီချင်းပါ.. သီချင်းအမည်ကတော့ "ရပ်...(Stop the F***)" လို့ အမည်ရပါတယ်.. ခံစားနားဆင်ပေးပါ..
Home-Stay အချိန်လေးမှာ Studio မသွားနိုင်လို့ အိမ်မှာပဲ ရေး/ဆို/တီး/ဖမ်း လုပ်လိုက်ရပါတယ်.. အမှားပါရင်ခွင့်လွှတ်ပေးပါ..
Song translation အတွက် အကူအညီပေးတဲ့ Teacher Si Si Tun (English Trainer) ကို အထူးကျေးဇူးတင်ရှိပါတယ်..

Mee-Tauk-Hte-Ko-Toe(မီးတောက်ထဲကိုတိုး)

1997မှာ စတင် အသံသွင်းယူပြီး 1999 မှာထွက်ခဲ့တဲ့ "အမုန်းများနဲ့ဂီတ " တေးစုမှ "မီးတောက်ထဲကိုတိုး " ဆိုတဲ့သီချင်းလေးတပုဒ် share လိုက်ပါတယ်။ ကိုယ်တိုင်ရေးကိုယ်တိုင်ဆို Rock song လေးပါ။ အဲ့ဒီ့အချိန်က ကျွန်တော်တို့ Juke-box music band ရဲ့ team work အကောင်းဆုံး အချိန်ပေါ့ ... အေးချမ်းမေ တို့ရဲ့ Billboard Studio မှာ အသံသွင်းထားပါတယ်။ Special thanks အနေနဲ့တော့ musical engineer သူငယ်ချင်း ကိုနေထွန်း Nay Htun ပါ .. အဲ့ဒီ့ အချိန်လေးကိုလွမ်းမိပါတယ်.. ခံစားနားဆင်ပေးပါ...

Mite-Mel-Thu-Hna-Yauk (မိုက်မဲ့သူနှစ်ယောက်)

ကျွန်တော့ရဲ့ 1997 လောက်က Slow Rock သီချင်း အဟောင်းလေး တင်ပေးလိုက်ပါတယ် .. (အပြင်းဆုံးကား Album ထဲကပါ)...
ကျွန်တော်နဲ့ အတူ Guitar Guns Music Band (Juke-box မဖြစ်ခင်) က သူငယ်ချင်းတွေရဲ့ ရိုးရှင်းတဲ့ ဂီတဖန်တီးမှုလေးကို ခံစားရမှာ ဖြစ်ပါတယ်..
"မိုက်မဲသူ နှစ်ယောက်" လို့ အမည်ရပါတယ် ... ခံစားနားဆင်ပေးပါ..

Yay-San-Gita (ရေဆန်ဂီတ)..

 ရေဆန်ဂီတ.... 
ကျွန်တော့ရဲ့ Rock သီချင်းဟောင်းလေးတပုဒ်တင်ပါမယ် ...
ပုံရိပ် အဟောင်းလေးတွေပြန်သုံးထားပါတယ် .. ဂီတဘဝ အစက သူငယ်ချင်းတွေ အမှတ်တယပေါ့နော် .. ပျက်သွားတဲ့ Hi-Star Studio ရယ်, ဦးကျင်စန်းနဲ့ Musicplug Sound INC အားလုံးရယ် သတိယ ပါတယ်... သီချင်းလေးအမည် ... "ရေဆန်ဂီတ" ..
ခံစားကြည့်ပါ ... အသက် ၂၀ ဝန်းကျင်ရဲ့ ရိုးရှင်းတဲ့ စကားလုံလေးတွေနဲ့ပါ..
Zaw Naing